အာရှတိုက်တွင်သွားရောက်လည်ပတ်ရမည့် နေရာ များ



Tiger's Nest Temple, Bhutan 

ပေ ၃၀၀၀ ကျော်မြင့်တဲ့ ကျောက်တောင်ပေါ်မှာတည်ဆောင်ထားတဲ့ Tiger's Nest Temple ဟာ ဘူတန်နိုင်ငံမှာ တည်ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော်လောက်က ဒီနေရာမှာ ဘူတန်တွေကို ဗုဒ္ဓဘာသာ ကူပြောင်းပေးခဲ့တယ်လို့ သမိုင်းရှိခဲ့ တဲ့ နေရာ ဖြစ်ပါတယ်။

Siem Reap, Cambodia 

ခမာ အင်ပါယာရဲ့ မြို့ တော်ဖြစ်ခဲ့တဲ့ Siem Reap ဟာ အန်ကောဝတ်ကျောင်းတော်ကြီးကြောင့် နာမည်ကြီးလှပါတယ်။ တကယ်တော့ Siem Reap မှာ အန်ကောဝတ်အပြင် အခြား စိတ်ဝင်စားစရာနေရာတွေ အများကြီးရှိပါသေးတယ်။













Bokeo Nature Reserve, Laos 

လာအိုနိုင်ငံ Bokeo ခရိုင်ထဲမှာရှိတဲ့ Bokeo Nature Reserve ဟာ ပါးနှစ်ဖက်မဲနေတဲ့ မျောက်လွှဲကျော်တွေ ကို ထိန်းသိမ်းကာကွယ်ဖို့ တည်ထောင်ထားခဲ့တာပါ။ 
ဒီနေရာကနေ မျောက်လွှဲကျော်တွေအကြောင်းကို လေ့လာနိုင်ပြီး တောတွင်းခရီးသွား လာမှုတွေကိုလည်း လုပ်နိုင်ပါတယ်။

Kuala Lumpur, Malaysia

Ha Long Bay, Vietnam 

UNESCO ရဲ့ World Heritage sites တစ်ခုထဲမှာ အပါအ၀င် ဖြစ်တဲ့ ဒီ Ha Long Bay ဟာ ဗီယက်နမ်နိုင်ငံမှာရှိပါတယ်။ကျွန်းပေါင်း ၃၀၀၀ ကျော်ရှိပြီး ရွေ့ လျား ရွာတွေပေါ်မှာနေထိုင်တဲ့ လူဦးရေ ၁၂၀၀ ကျော်ရှိပါတယ်။

Bali, Indonesia

ဘာလီလို့ ဆိုလိုက်ယင် တော်တော်များများက ရှည်လျားတဲ့ ကမ်းခြေကြီးကို ပြေးမြင်ကြပေမယ့် ဘာလီမှာ ကမ်းခြေအပြင် လှပတဲ့ ကျောင်းတော်တွေ၊ ဂူတွေ လည်းရှိပါသေးတယ်။


Banaue, Phillippines

UNESCO world heritage နေရာ တစ်ခုဖြစ်တဲ့ ဒီလှေကားထစ် စိုက်ခင်းများဟာ ဖီလစ်ပိုင်နိုင်ငံ ရဲ့ Banaue ဆိုတဲ့ မြို့ ငယ်လေးမှာရှိပါတယ်။


Daehan Dawon, South Korea

တောင်ကိုရီးယားနိုင်ငံရဲ့ လက်ဖက်ခြောက်ထုတ်လုပ်မှုရဲ့ ၄၀ % ကျော်ကို ဒီဒေသက ထွက်ရှိပါတယ်။


Danxia Landform, China

အနီရောင် သဲကျောက်တွေ နဲ့ အလွှာလိုက် လှပနေတဲ့ Danxia Landform ဟာ UNESCO World Heritage မှာ ၂၀၁၀ ခုနှစ်မှာ ပါဝင်လာပါတယ်။


Great wall of China, China

ဒါကတော့ အထွေအထူးပြောစရာမရှိပါဘူး။ မိုင်ပေါင်း ၃၉၄၅ မိုင်ရှည်လျားပြီး ကမ္ဘာပေါ်မှာ အရှည်ဆုံး တံတိုင်းကြီး ဖြစ်ပါတယ်။ အာကသကတောင် မြင်နိုင်ပါတယ်။


Hong Kong, China

လည်စရာ ပတ်စရာ ပျော်စရာတွေ စုစည်းနေတဲ့ ဟောင်ကောင်မြို့ အကြောင်းကိုတော့ အထွေအထူးမပြောတော့ပါဘူး။


The Mekong Delta, Vietnam

မဲခေါင်မြစ် မြစ်ဝကျွန်းပေါ် က ချောင်းလေးတွေ တစ်လျှောက် လှေစီးရတာ ပျော်စရာကောင်းလှပါတယ်။


Patong, Thailand

ထိုင်းနိုင်ငံ ဖူးကတ်မှာ ရှိတဲ့ Patong beach က လည်း ဆွဲဆောင်မှု တစ်ခုပါပဲ။


Phewa Lake, Nepal

Phewa Lake ဟာ နီပေါနိုင်ငံမှာ ဒုတိယ အကြီးဆုံး ရေကန်ဖြစ်ပါတယ်။


Rainbow Family Village, Taiwan

အဖိုးရဲ့ သန့် တံ့လို့ နာမည်ကြီးတဲ့ ဒီရွာလေးမှာ အဖိုးအို တစ်ယောက်ဟာ ဒီ သန့် တံ့ပန်းချီတွေကို ရေးဆွဲခဲ့တာပါ။


Shinjuku Gyoen, Japan

၁၇၇၂ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဒီပန်းခြံဟာ ၁၉၀၆ မှာ ပြန်ပြီး မွမ်းမံခဲ့ပါတယ်။


Shwedagon Pagoda, Maynmar

အာရှမှာ မေ့ထားလို့ မရတဲ့ အထင်ရှားဆုံးနေရာတစ်ခုအနေနဲ့ဂုဏ်ယူစွာ ဖော်ပြလိုက်ပါတယ်။


Taj Mahal, India

၁၆၃၂ ခုနှစ်က တည်ဆောက်ခဲ့တဲ့ အဆောက်အဦးတစ်ခုပါ။


The War Memorial of Korea, South Korea

တောင်ကိုရီးယားမှာ ရှိတဲ့ စစ်အထိန်းအမှတ် နေရာတစ်ခုပါ။

Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment