ဘာမှမလုပ်ပဲ ပိုက်ဆံဝင်နည်းများ (ကိုဟိန်း Prospect Myanmar)


ခေါင်းစဉ်ကတော့ စိတ်ဝင်စားစရာပါပဲ။ အောက်မှာ ရေးထားတဲ့ နည်း (၅) နည်းကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် အချို့ နည်းတွေကတော့ မြန်မာပြည်မှာ ရှိချင်မှ ရှိဦးမှာပါ။ ကြိုတင်စဉ်းစားထားလို့ ရအောင်ပေါ့။ 
(၁) အိမ်စောင့်
အကောင်းစား ပစ္စည်းတွေကြီးပဲ သုံးထားတဲ့ အိမ်မှာ အချိန်ပိုင်း အိမ်စောင့် သွားလုပ်တာပါ။ ဒရ၀မ်ကို ပြောတာ မဟုတ်ပါဘူး။ တံခါးပေါက်မှာ စောင့်ရတာကို ပြောတာမဟုတ်ပါဘူး။ သူတို့ ရဲ့ အကောင်းစား ဆိုဖာကြီးပေါ်မှာထိုင်၊ လက်မ ၅၀ လောက်ရှိတဲ့ တီဗွီကြီးကို ကြည့်၊ ထိုင်ရတာကြာလို့ ဖင်ပူလာလျှင် ရေချိုးကန်ကြီးထဲမှာ ရေသွားစိမ် လိုက်ယုံပဲ။
အချိန်လည်းပြည့်ရော ပိုက်ဆံ လည်းရရော။ ဘယ်လောက်ကောင်းမလဲ။
တချို့ တချို့ တွေက အိမ်မှာ အချိန်ပြည့် အစောင့်မထားပဲ အချိန်ပိုင်း အစောင့်သဘောမျိုး ထားတတ်ကြပါတယ်။ အဲ့ဒီအလုပ်မျိုးဆိုလျှင်တော့ ဘာမှ ပင်ပင်ပန်းပန်း မလုပ်ရပဲ ဇိမ်လည်းကျ ပိုက်ဆံလည်းရပေါ့။ 
(၂) ပစ္စည်းတွေ ထုတ်ရောင်းပါ။
ခေါင်းစဉ်ကိုက ဘာမှ မလုပ်ပဲ ပိုက်ဆံ ၀င်အောင်လုပ်နည်းပါ။ အဲ့ဒီတော့ သင်စုဆောင်းထားတာတွေ၊ သင်ပိုက်ဆံ ဖြုန်းတီးပြီး ၀ယ်ထားတာတွေကို ထုတ်သာရောင်းပေးတော့။ အဲ့ဒါဆိုလျှင်တော့ ပိုက်ဆံ ၀င်တာပေါ့။ အလုပ်တော့ လုပ်စရာမလိုဘူး။ ရောင်းဖို့ အတွက်နည်းနည်းတော့ ကြော်ငြာတာမျိုးလုပ်ရတာပေါ့။ 
(၃) company များ၊ products များကို တရားလိုက်ဆွဲပါ။ 
ဥပမာဆိုပါစို့ ။ အားဖြည့်အချို ရည်ကြော်ငြာမှာ ဒီလိုရေးထားပါတယ်။ “ကျွဲရိုင်းတစ်ကောင်ကဲ့သို့ သန်မာလာရမည်” ဆိုပါစို့ ။
သင်က အဲ့ဒီအချိုရည်လည်းသောက်ပြီးရော ကျွဲရိုင်းတစ်ကောင်ကဲ့သို့  မသန်မာလာလျှင် အဲ့ဒီ company ကို လိမ်လည်ကြော်ငြာမှုဖြစ်တရားဆွဲပါ။ ရှေ့ နေတော့ ငှားရမှာပေါ့။
ဒါမှ မဟုတ်လည်း ဟိုတစ်လောက Apple company တရားဆွဲခံရသလိုပေါ့။ IOS အသစ်တွေ ထည့်လိုက်လို့ Iphone ရဲ့  memory နေရာတော်တော်များများ ပေးလိုက်ရတယ်ဆိုပြီး တရားစွဲတာမျိုးပေါ့။ 
(၄) သင့်၏ မျိုးပွားဆိုင်ရာ မမျိုးဥများ ဖိုသုတ်ကောင်များကို ရောင်းပါ။ 
ထွေထွေထူးထူးမပြောတော့ပါဘူး။ သင့်ရဲ့ သုတ်ပိုးတွေကို ထုတ်ရောင်းဖို့ က လွယ်ကူတဲ့ နည်းလမ်းပါ။ ဘယ်လို ဆိုတာတော့ အသေးစိပ်မပြောတော့ပါဘူး။ မမျိုးဥရောင်းချင်တယ်ဆိုလျှင်တော့ နည်းနည်းခက်ခဲပါတယ်။ စမ်းသပ်မှုတွေ လည်းလိုအပ်ပါတယ်။
လှူမယ်ဆိုလျှင်တော့ လက်ခံရာ မျိုးရိုးဗီဇ bank မှာ သင့်ရဲ့  အချက်အလက်တွေ ကို ပြောပြရပါတယ်။ အဲ့ဒီအခါမှာတော့ အလုပ်လုပ်ရမှာ ပျင်းလွန်းလို့ ဒါတွေရောင်းစားတာပါလို့ မပြောမိစေနဲ့ ပေါ့။ ပျင်းတဲ့ ဗီဇကို ကြောက်ပြီး မ၀ယ်ပဲနေပါဦးမယ်။ 
(၅) အခြားသူ အစားဈေးဝယ်ပေးပါ။
ဒါကတော့နည်းနည်းလေး လှုပ်ရှားရတာပေါ့။ သင်ကလည်း ဈေးဝယ်ရတာ ၀ါသနာပါတယ်ဆိုပါစို့ ။အချို့ လူတွေဟာ ပိုက်ဆံလည်းပေါတယ်။ ကောင်းကောင်းလဲ သုံးချင်တယ်။ ဒါပေမယ့် ဈေးသွားဖို့ အချိန်မရဘူး။ အဲ့ဒါဆိုလျှင်တော့ သူတို့ အစားသင်က ဈေးဝယ်ထွက်ပေးနိုင်တယ်။ Ghost shopper ပေါ့။ ၀ယ်စမ်းပါလေ့ သူတို့ မှာလိုက်တဲ့ နာမည်ကြီး brand တွေ။ ပြီးလျှင်တော့ ဒါတွေကို အကုန် သူတို့ ကို ပေးရမှာပါ။ သင်ကတော့ ဈေးဝယ်ခ ပိုက်ဆံရတာပေါ့။ ဘာပဲ ဖြစ်ဖြစ် သင်ဈေးဝယ်ထွက်ရတဲ့ အရသာကို ခံစားလိုက်ရတာတန်ပါတယ်။ 
ဒါတွေကတော့ ဘာအလုပ်မှ မလုပ်ပဲ ပိုက်ဆံရနိုင်တဲ့ နည်းလမ်းတွေပါ။ ဒီမှာ အဓိက ပြောချင်တာကတော့ သင်သာ ဥာဏ်ကွန့် မြူးမယ်ဆိုလျှင် ပိုက်ဆံ ရှာလို့ ရတဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်ဆိုတာကို ဆိုလိုချင်တာပါ။ အပေါ်က အလုပ်တွေ က ကောင်းတယ် ဆိုးတယ်လို့ မသုံးသပ်ချင်ပါဘူး။ ဥပမာအနေနဲ့ ရေးထားတာတွေပါ။ ဒီထက် ကောင်းမွန်ပြီး ပိုက်ဆံလည်းရနိုင်တဲ့ နည်းလမ်းတွေ အများကြီးပါ။ အလုပ်ခွင်မှာ အလုပ်လုပ်နေမှ ပိုက်ဆံရနိုင်တာ မဟုတ်ပါဘူး။ 
မြန်မာနိုင်ငံမှာဆိုလျှင်ရော ဘယ်လိုနည်းနဲ့ ရှာဖွေနိုင်မလဲ။ အလင်းပြကြပါဦး။ 
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar) ၏ ခွင့်ပြုချက်တောင်းခံပြီး တင်ပြခြင်းဖြစ်ပါသည်။ 
Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment