သင်ဘာကြောင့် နေကာမျက်မှန် တတ်သင့်သလဲ။




၁။ ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန်

နေရောင်ခြည်တွင်ပါသော ခရမ်းလွန်ရောင်ခြည်သည် ရေတိမ်ရောဂါကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့် အပြင် သင့်မျက်သားများကို ပွားများလာစေပြီး အချိန်ကြာမြင့်လာသော အခါတွင် မျက်လုံးကွယ်သည် အထိ ဖြစ်စေနိုင်ပါသည်။ ဦးထုပ်ဆောင်ခြင်းဖြင့် မျက်လုံးအား ခရမ်းလွန်ရောင်ခြည် ထိမှုကို ၅၀% ခန့် လျော့ချပေးနိုင်သော်လည်း နေကာမျက်မှန်တတ်ခြင်းသည် သာ အကောင်းဆုံး သော ကွာကွယ်မှု ဖြစ်ပါသည်။

၂။ အလင်းပြာမှ ကာကွယ်ပေးခြင်း။

နေရောင်တွင်ပါသည့် အပြာနှင့် ခရမ်း ရောင်ခြည်များကို ကြာရှည် စွာ တွေ့ ထိမိသော မျက်လုံးတွင် macular degeneration ခေါ် မျက်တွင်းသားများ ပျက်စီးသွားနိုင်သည့် ထိခိုက်မှုကို ဖြစ်စေနိုင်ပါသည်။

၃။ အမြင်အာရုံပိုကောင်းခြင်း။

နေပူအတွင် တစ်စုံတစ်ရာကို ကြည့်မည်ဆိုပါက မျက်မှောင့်ကျုံ့ အားစိုက်ကြည့်ရပါမည်။ နေကာမျက်မှန်တတ်ထားခြင်းဖြင့် အဆိုပါ အားစိုက်ထုတ်၍ ကြည့်ရခြင်းကို လျော့နည်းစေနိုင်ပါသည်။

၎။ အမှောင်ကို အလွယ်တကူ လက်ခံနိုင်ခြင်း

နေရောင်ထဲတွင်ကြာရှည်စွာနေပြီးနောက် အမှောင်အတွင်းသို့ ချက်ချင်းရောက်သွားသည့်အခါတွင် မျက်လုံးသည် အမှောင်ကို ကျင့်သာ မရခဲ့သည့်အတွက် အလွယ်တကူ လက်မခံနိုင်ခြင်း ဖြစ်တတ်သည်။ တနည်းအားဖြင့် အမှောင်ထဲတွင် မျက်လုံးများ မဲသွားပြီး ဘာမှ မမြင် ရခြင်းမျိုး ဖြစ်တတ်ပါသည်။ နေ့ ခင်းဖက်နေရောင်ထဲတွင် တောက်လျှောက်နေပြီး ညဖက် ကားမောင်းပါက အလွန်ပင် အန္တရာယ်များလှပါသည်။

၅။ အရေပြားကင်ဆာ

မျက်လုံး ပတ်ဝန်းကျင်ရှိ အရေပြားတွင် ကင်ဆာရောဂါ အဖြစ်များတတ်ပါသည်။ ဒါကြောင့် နေရောင်ထဲသို့ ထွက်မည်ဆိုပါက နေကာမျက်မှန် တတ်ထားသင့်ပါသည်။

Ref: Foxnews.com


Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment