ကမ်းဇော်ဆီ၏ အသုံးဝင်ပုံများ (ကျန်းမာရေး ဆောင်းပါး)

ဘက်စုံနီးပါး အသုံးဝင်သော ကမ်းဇော်ဆီရဲ့အကျိုးအာနိသင်တွေကို ဖတ်ကြည့်ပါ။ (Credit to original writer) 




ကမ်းဇော်ပင်ကိုတောင်မင်းဂွတ်ပင်လို့လည်းခေါ်ဆိုကြပါတယ်။နှစ်တစ်ရာကျော်အောင်ရှင်သန်နိုင်တဲ့ အပင်ကြီးမျိုးဖြစ်ပါတယ်။

မြန်မာပြည်အောက်ပိုင်းဒေသများဖြစ်တဲ့ မြိတ်  ထားဝယ် ကော့သောင်းမြို့တွေမှာ အများဆုံးပေါက်ရောက်ကြပါတယ်။ထိုအပင်၏ အသီးများသည် သုံးနှစ်မှသာ တစ်ကြိမ်သီးလေ့ရှိပါသည်။
နေရာတိုင်းလိုသလို စိုက်ပျိုးနိုင်သောအပင်မျိုးမဟုတ်ပါ။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ နိုင်ငံနှင့် ဘင်းဂလားဒေ့ရှ်နိုင်ငံတို့တွင်လည်း ပေါက်ရောက်ကြပါသည်။
ထိုအပင်၏အသီးများသီးချိန်တွင် ထိုအသီးများကိုခူး၍ အသီးထဲ၌ရှိသော အစေ့ကို အခြောက်လှမ်းကာ ကြိတ်၍ ဆီထုတ်ကြပါသည်။
ထိုဆီသည် အဘယ်မှဆေးဘက်ဝင်သည်ဆိုသော် ထိုအပင်ကို နတ်ဆေးပင်ဟုခေါ်ဆိုကြလေသည်။  အိန္ဒိယနိုင်ငံတွင် ထိုအပင်ကိုအလွန်အထွတ်အမြတ်ထား၍ထိုအပင်အားပူဇော်ကြသည်။ အပင်၏ပင်စည်ဖြင့် ဘုရားရုပ်များထုဆစ်၍ ပူဇော်ပသကြလေသည်။



ထိုဆေး၏ဆေးဖက်ဝင်ပုံကို ဥပမာပြောပြရမည်ဆိုလျှင်

ဝမ်းလျှောနေသူသောက်ပါက ၀မ်းရပ်သွား၍ ၀မ်းချုပ်နေသူသောက်ပါက ၀မ်းသွားစေပါသည်။
သွေးတိုးနေသူသောက်ပါက သွေးပုံမှန်ပြန်ဖြစ်၍ သွေးကျနေသူသောက်ပါက သွေးပေါင်ပြန်လည် တတ်လာမည်။
ဆေးဖက်ဝင်ပုံ၏ သဘောတရားအနှစ်ချုပ်ကတော့ လူ့ခန္ဓာကိုယ်ထဲက ဇီဝဝဓာတ်ကို ထိန်းချုပ်ပေးတာပါ။
ကိုယ်ထဲမှာဖြစ်နေတဲ့ မှားယွင်းချွတ်ချော်မှုအလွဲတွေကို ပြန်လည်တည့်မတ်ပေးတာပါ။ လိုအပ်တာတွေကိုဖြည့်ပေးပြီး မလိုအပ်တာတွေကို ပထုပ်ပေးတာပါ။

ခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာဖြစ်ပေါ်တဲ့ အနာဒဏ်ရာအမျိုးမျိုးကိုလည်း  အမာရွတ်ပါမကျန်အောင်ပျောက်စေပါတယ် လိမ်းပေးရုံပါပဲ။
ဆီရဲ့အောက်ခြေကအနှစ်တွေက ခန္ဓာကိုယ်အပြင်ဘက် က အနာတွေအတွက်အလွန်အင်မတန် အကျိုးရှိပါတယ်။

ခန္ဓာကိုယ်အတွင်းထဲက မည်သည့်ရောဂါအတွက်မဆိုသောက်လို့ရပါတယ်။

ကမ်းဇော်ဆီဟာ သားအိမ်ကင်ဆာကို ခွဲစိပ်စရာမလိုဘဲ အထူးသက်သာပျောက်ကင်းစေပါတယ်။ရင်သားကင်ဆာနဲ့ အမျိုးသမီးရောဂါများအတွက်လည်းအကျိုးသက်ရောက်မှုရှိပါသည်။

ဆီပုလင်းအောက်ခြေမှာထိုင်နေတဲ့အနည်အနှစ်များကို အပူလောင်ခြင်း၊နားအူခြင်း၊နားအတွင်းအနာဖြစ်ခြင်း၊နာတာရှည်လူနာများ အိပ်ယာပူလောင်နာဖြစ်ပေါ်၍ အရည်ပြားနီမြန်းခြင်း၊ပြည်စု ပြည်တည်၊အနာဟောင်းအနာဆွေး၊အနာစိမ်း၊သေးစုနာ၊မီးပူလောင်ဒဏ်ရာမျာ၊အကြိတ်အဖုအမျိုးမျိုးအပြင် အနာ့ပချုပ်၊အသားတွင်းသွေးပုပ်၊ပြည်ပုပ်အနာများကို တစ်နေ့သုံးကြိမ် အနာဘေးပတ်လည်မှာလိမ်းးပေးပြီးနောက် ဂွမ်းပတ်တီးစများဖြင့်စည်းအုပ်ပေးခြင်းဖြင့် ပူစပ်နာကျဉ်ခြင်းလုံးဝမရှိဘဲ ပြည်ပေါက်ကာအမာရွတ်မကျန်တော့ဘဲ သက်သာပျောက်ကင်းစေပါတယ်။

အဆစ်အမြစ်ကိက်ခဲခြင်း၊အဆစ်ရောင်နှင့်ကိုယ်လက်ညောင်းညာခြင်းမျာအတွက် ကမ်းဇော်ဆီဖြင့်တစ်နေ့ ကြိမ်မှ ကြိမ်လိမ်းပေးပါ။

လေထိုးလေအောင့်ဗိုက်အောက် ဗိုက်နာရောဂါအတွက်
ပျားရည်ကိုကမ်းဇော်ဆီနှင့်ဆတူရော၍ နံနက် တစ်နေ့နှစ်ကြိမ် လဘက်ရည်ဇွန်း တစ်ဇွန်းစာသောက်ပေးပါ။

နှလုံးသည်းခြေအားနည်းခြင်း၊နာတာရှည်အဆုပ်ရောဂါ၊ အဆုပ်ပြွန်ရောင်ခြင်း၊ပန်းနာရင်ကျပ်၊အစာမကြေပျို့အန်ခြင်း၊ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊၀မ်းကိုက်ခြင်းများအတွက် တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အထိ ဟင်းခတ်ဇွန်းတစ်ဇွန်းစာသောက်ပေးပါ။

ချောင်းဆိုးသွေးပါရောဂါအတွက် နံနက်စောစောပိုင်းမှာထမင်းပူပူနဲ့ ကမ်းဇော်ဆီရောနယ်၍ စားသုံးပေးပါ။
ဝမ်းဗိုက်အတွင်းအူနှင့်အစာအိမ်တို့မှာဖြစ်တက်တဲ့ အနာရောဂါများ၊ပန်းနာရင်ကြပ်၊ ဂရင်ဂျီနာ ဒူလာ၊ လိပ်ခေါင်း၊ စအိုနာ ၊ဖျားနာရောဂါတို့အတွက် ကမ်းဇော်ဆီအားလိမ်းပေးခြင်း သို့မဟုတ် သောက်သုံးပေးခြင်းဖြင့် ရောဂါပျောက်ကင်းစေပါတယ်။

ထိခိုက်ပွန်းပဲ့ရှနာနှင့်ခွဲစိပ်ကုသဒဏ်ရာများ၊အပူလောင်ခြင်းအပြင်၊အသားအရည်ခမ်းခြောက် လေဖြတ်ခြင်းနဲ့ထုံကျင်ကိုက်ခဲသည့်ရောဂါများအတွက် ကမ်းဇော်ဆီကိုလိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါသည်။

အသီးရဲ့အရသာမှာ ချိုစိမ့် ၊ခါးနေတာကြောင့်        အချို့နိုင်ငံများတွင် အရည်ပြား (အသားအရည်)ကောင်းမွန်စေသော ဆေးအရက်ဝိုင်အဖြစ် အသုံးပြုကြပါသည်။



သားအိမ်ကင်ဆာကိုခွဲစိပ်စရာမလိုပဲ ပျောက်ကင်းနိုင်တဲ့ကမ်းဇော်ဆီအကြောင်း

သားအိမ်ကင်ဆာဖြစ်သော အမျိုးသမီးတစ်ဦးသည် မခွဲစိပ်ရပဲ ကမ်းဇော်ဆီဖြင့်ကုသခဲ့ရာ လုံးဝပျောက်ကင်းခဲ့သည်။ ကမ်းဇော်ဆီစစ်စစ်ဖြင့်ကုလျှင် သားအိမ်ကင်ဆာအပြင် ရင်သားကင်ဆာ မီးယပ်ရောဂါများကိုပါပျောက်ကင်းအောင်ကုသနိုင်ကြောင်း မြိတ်ခရိုင်တိုင်းရင်းဆေးဦးစီးဌာနမှတင်ပြထားပါသည်။

ထို့အပြင်ထိခိုက်ရှနာ ပွန်းပဲ့ဒဏ်ရာများအတွက် အနာပေါ်တွင်အဆီလိမ်းပေးရုံဖြင့် သုံးရက်အတွင်းအနာကျက်ပြီး တစ်ပတ်အတွင်းအနာပျောက်ကင်းနိုင်ပါသည်။ (Credit to Original writer) 



Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment