ချမ်းသားတဲ့သူတွေဟာ ပိုက်ဆံကို ဒီလိုစုကြတယ်



လူဆိုတာ ပိုက်ဆံကို ပိုပြီး လိုချင်တဲ့လူတွေကြီးပါပဲ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လိုချင်တာကတော့ လိုချင်တာပါပဲ။ ကျန်းမာရေအတွက်၊ ပညာရေးအတွက်၊ မိသားစု ရေးအတွက် အစရှိတဲ့ အရာတွေ အတွက် ပိုပြီး လိုအပ်နေတာပါပဲ။ ဒါပေမယ့် အဲ့ဒီလို လိုအပ်နေတဲ့ ပိုက်ဆံကို ဘယ်လို များများ ရှာမလဲ။ များများရှာနေပေမယ့်လည်း မပြီးဘူး။ ဘယ်လို ထိထိရောက်ရောက်စုဆောင်းမလဲ။ မြုပ်နှံမလဲဆိုတာ အရေးကြီးပါတယ်။ 
အဲ့ဒါဆိုလျှင် ချမ်းသာတဲ့သူတွေ အနေနဲ့ ပိုက်ဆံကို ဘယ်လို စုသလဲဆိုတာ အောက်မှာ ဆက်ပြီး ကြည့်ကြရအောင်။ 
၁။ အသေးသုံးစွဲမှုများ ကအစ သတိထားပါတယ်။ 
ကျွန်တော်တို့ တော်တော်များများဟာ အကြီးစားသုံးစွဲမှုများကို သတိထားတတ်ကြပါတယ်။ ဒါပေမယ့် အသေးစားသုံးစွဲမှုတွေကိုတော့ သတိမပြုပဲ သုံးစွဲတတ်ကြတယ်။
ဒါပေမယ့် ဒီအသေးသုံးစွဲမှုလေးတွေ ပေါင်းလာတဲ့ အခါမှ အကြီးစား သုံးစွဲမှုကြီးဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အသေးသုံးစွဲမှုလေးတွေကိုလည်း စနစ်တကျနဲ့ သုံးစွဲတတ်ဖို့ လိုပါတယ်။ 
၂။ အနာဂါတ်ကို အလေးထားခြင်း။ 
ကျွန်တော်တို့ မှာ အနာဂါတ်အတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်မရှိလျှင် လက်ရှိကာလမှာ ပိုက်ဆံကို အလွယ်တကူသုံးစွဲတတ်ပါတယ်။
အနာဂါတ်မှာ ကိုယ်မျှော်မှန်းထားတဲ့ ၀ယ်စရာတစ်ခု၊ ဒါမှ မဟုတ် ရင်းနှီးမြုပ်နှံစရာတစ်ခု ရှိတယ်ဆိုလျှင်တော့ ပိုက်ဆံ သုံးစွဲမှု လျော့နည်းသွားခြင်း၊ သို့ မဟုတ် သတိထားသုံးစွဲမိခြင်း ဖြစ်ပေါ်လာပါတယ်။
ဒါကြောင့်မို့ လို့  သင့်အနေနဲ့ အနာဂါတ် ရည်မှန်းချက် တစ်ခုခု ထားသင့်ပါတယ်။
Tennessee Williams က ဆိုထားပါတယ်။ “သင့်အနေနဲ့ ငယ်ရွယ်စဉ်မှာ ပိုက်ဆံ မရှိပဲနေလို့ ရတယ်။ ဒါပေမယ့် အသက်ကြီးလာလျှင်တော့ ပိုက်ဆံ မရှိပဲ နေလို့ မရတော့ဘူး” 
၃။ မလိုအပ်တဲ့ အရာတွေကို သူတစ်ပါးအထင်ကြီးစေဖို့ တစ်ခုတည်းအတွက် မ၀ယ်ပါနဲ့ ။ 
ကျွန်တော်တို့ တွေဟာ ကိုယ်ပိုင်ဆိုင်တာတွေအပေါ် သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေဆီက အားကျခြင်း၊ ချီးကျူးပြောဆိုခြင်း ခံရတာကို သဘောတွေ့ ပါတယ်။ ဒါပေမယ့် အဲ့ဒါကို limit တစ်ခု သတ်မှတ်ထားသင့်ပါတယ်။ ဒီလို ချီးကျူးပြောဆိုမှု၊ အားကျမှု ခံရဖို့ တစ်ခုတည်းအတွက်မလိုအပ်တဲ့ အရာတွေကို မ၀ယ်ပါနဲ့ ။ 
၎။ လိုအပ်ချက်ကို အဖြူနဲ့ အမဲ ကွဲပြားအောင်လုပ်ပါ။ 
ပစ္စည်းတစ်ခု တွေ့ ပါက ဒီဟာသည် တကယ်လိုအပ်သလား၊ မလိုအပ်ဘူးလားဆိုတာကို အဖြူအမဲကွဲပြားအောင်လုပ်ပါ။ စိတ်လှုပ်ရှားမှု တစ်ခုတည်းနဲ့  သဘောကျမှု တစ်ခုတည်းနဲ့ မ၀ယ်လိုက်ပါနဲ့ ။ ဘာလို့ လည်းဆိုတော့ အခုခေတ်ကြီးမှာ သဘောကျတိုင်းဝယ်မယ်ဆိုလျှင် ၀ယ်လို့ ဆုံးတော့မှာမဟုတ်ပါဘူး။ 
၅။ အလုပ်ကြိုးစားပါ။ 
လူတော်တော်များများ အမြင်မှာ သူဌေးဆိုလျှင် ကောင်းကောင်းဝတ်၊ ကောင်းကောင်းစားနေတာကိုပဲ မြင်ကြတာပါ။ သူတို့ တွေ ဒီလို စားနိုင်၊ နေနိုင်ဖို့ ဘယ်လောက်ထိ အလုပ်ကြိုးစားခဲ့တယ်ဆိုတာကို မမြင်ကြပါဘူး။
တကယ်တော့ ချမ်းသာချင်တယ်ဆိုလျှင် သာမန်လူထက် ပိုပြီးကြိုးစားဖို့ လိုပါတယ်။ အထူးသဖြင့် ထုတ်လုပ်နိုင်မှု စွမ်းအားမြင့်မားတဲ့ အရွယ်မှာ ကြိုးစားရှာဖွေထားဖို့ လိုပါတယ်။
အဲ့ဒီလို အလုပ်ကြိုးစားလိုက်ခြင်းအားဖြင့် အသုံးဖက်ကို လည်း အာရုံစူးစိုက်မှု နည်းသွားပါလိမ့်မယ်။ 
၆။ ၀င်ငွေထဲမှာ အစိတ်အပိုင်းတော်တော်များများကို စုပါ။ 
သုံးတာနဲ့ စုတာမှာ စုတာက များဖို့ လိုပါတယ်။ ဒါမှလည်း နောက်ပိုင်း လုပ်ငန်းတိုးချဲ့ နိုင်၊ ရင်းနှီးမြုပ်နှံနိုင်မှာပါ။ အဲ့ဒီလိုမဟုတ်ပဲ သုံးတာဖက်က များနေမယ်ဆိုလျှင်တော့ သင်ချမ်းသာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ 
၇။ ပေးရတဲ့ ပမာဏနဲ့ တန်ဖိုးကိုက်ညီမှု ရှိအောင် ကြိုးစားပါ။ 
ချမ်းသာတဲ့သူများဟာ သူတို့ ပေးလိုက်တဲ့ ပိုက်ဆံနဲ့ တန်ဖိုးညီမျှတဲ့  ပစ္စည်း၊ ၀န်ဆောင်မှုကို ရရှိအောင်ကြိုးစားပါတယ်။ တနည်းအားဖြင့်ပြောလျှင်တော့ ဈေးကြီးပေးဝယ်တာမျိုးမလုပ်ပါဘူး။ အရေးတကြီးမလိုအပ်လျှင် ဈေးချတဲ့အချိန်ကို စောင့်ပါတယ်။ ပစ္စည်းတစ်ခု ထွက်ထွက်ချင်းမ၀ယ်ပါဘူး။ ထွက်ပြီး အချိန်အတိုင်းအတာ တစ်ခု အကြာမှာ ဈေးကျလာတာကို စောင့်ပါတယ်။
အသုံးပြုနိုင်ပုံခြင်းတူတဲ့၊ ၀န်ဆောင်မှုခြင်းတူတဲ့ အရာနှစ်ခုကိုရွေးချယ်ရမယ်ဆိုလျှင် ဈေးပေါတာကို ရွေးချယ်ပါတယ်။ နောက်ပြီးတော့ ဈေးဆစ်တော်ကြပါတယ်။
ဒီဆောင်းပါးကို ဖတ်ပြီးနောက်ပိုင်းမှာ ကျွန်တော်လည်း အဲ့ဒီလိုမျိုး ကျင့်သုံးခဲ့ပါတယ်။ ကိုယ်ပိုင် ကွန်ပြူတာ မရှိတာကြာခဲ့ပါပြီ။ အလုပ်က ပေးတဲ့ ကွန်ပြူတာနဲ့ ပဲ အလုပ်တွေ လုပ်ခဲ့တာကြာပါပြီ။ ကိုယ်ပိုင် ကွန်ပြူတာ တစ်လုံး ၀ယ်မယ်ဆိုတော့ လိုချင်တာက Macbook air ပါ။ ဈေးကိုကြည့်တော့ ဒေါ်လာ ၁၂၀၀ နားကပ်နေတယ်။ တကယ်လည်းလိုအပ်နေပါတယ်။ ဒေါ်လာ ၁၂၀၀ ထပ် သက်သာတာ ဘယ်လို ရနိုင်လဲဆိုပြီး လိုက်ရှာပါတယ်။ အဟောင်းလည်း မ၀ယ်ချင်ပါဘူး။ နောက်ဆုံး သွားတွေ့ တာက apple store က warranty အပြည့်ပေးတဲ့ Refurbished products တွေပါ။ ဈေးက ဒေါ်လာ ၂၀၀ လောက် ကွာပါတယ်။ အသစ်အတိုင်းကို warranty အပြည့်နဲ့ လာပါတယ်။ အဲ့ဒါကြောင့် refurbished macbook တစ်လုံးကို ၀ယ်ယူခဲ့ပါတယ်။ အခု သုံးနေတာ ၆ လ ကျော်သွားပါပြီ။ အသစ်အတိုင်း ဘာမှ အနာအဆာမရှိ၊ ဘာပြဿနာမှ မပေးခဲ့ပါဘူး။ ဒေါ်လာ ၂၀၀ ကျော် ချွေတာခဲ့ပြီး လုပ်ဆောင်နိုင်တာခြင်းတူတဲ့ ပစ္စည်းကို ရရှိခဲ့ပါတယ်။ (ကြောငြာ ၀င်ပါမယ် Apple Refurbished products များ ၀ယ်ယူလိုပါက Prospect Myanmar page က တဆင့်ဆက်သွယ်နိုင်ပါတယ်၊)
၈။ စုထားတဲ့များကို အကျိုးရှိစွာမြုပ်နှံပါ။ 
ပိုက်ဆံ စုထားရုံနဲ့ သူဌေးမဖြစ်နိုင်ပါဘူး။ စုထားတဲ့ ပိုက်ဆံတွေကို အကျိုးရှိစွာနဲ့ မှန်ကန်စွာရင်းနှီးမြုပ်နှံတတ်ဖို့ လိုပါတယ်။
ရွေးချယ်မှု မှားလျှင်တော့ ကိုယ်စုထားတာတွေ အားလုံး ကုန်ပါလိမ့်မယ်။ ဒါကြောင့်မို့ လို့  စနစ်တကျ မှန်ကန်စွာ ရွေးချယ် မြုပ်နှံတတ်ဖို့ လိုပါတယ်။ 
၉. မီလီယံနာ ဖော်မြူလာကို ကျင့်ကြံပါ။
သာမန်လူတွေဟာ ပိုက်ဆံကို သုံးလို့ ပိုမှ စုပါတယ်။
မီလီယံနာတွေကတော့ စုပြီးမှ ပိုတာကို သုံးပါတယ်။ 
၁၀။ ငွေထွက်ပေါက်များကို ပိတ်ပါ။
မလိုအပ်တဲ့ ပိုက်ဆံကုန်မှုတွေကို အမြဲစောင့်ကြည့်ပါ။ အဲ့ဒါတွေကို လျော့ချပါ။
ဥပမာ သင့်အိမ်မှာ တီဗီလိုင်းတွေ ယူထားပြီး တစ်လမှ ၄ ရက်လောက်ပဲ ကြည့်ဖြစ်လား။ ဒါမျိုး မလိုအပ်တဲ့ ငွေထွက်ပေါက်တွေကို လျော့ချသင့်ပါတယ်။ 
ဒါတွေကတော့ သူဌေးတွေ ပိုက်ဆံ စုနည်း (၁၀) နည်းပါပဲ။ ကျွန်တော် ဒီလိုဆောင်းပါးမျိုး တော်တော်များများရေးပြီး တင်လိုက်လျှင် တွေ့ ရတဲ့ comments တော်တော်များများက ရတဲ့ လခက နည်းတဲ့ အတွက် စုဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ဟုတ်သင့်သလောက်ဟုတ်ပေမယ့် အချို့ အချက်များကို လုပ်နိုင်ပါသေးတယ်။ ဥပမာ နံပါတ် ၁၀လိုမျိုး ကိုယ့်မှာ မလိုအပ်တဲ့ ငွေထွက်ပေါက်တွေ ရှိနေလား။ အဲ့ဒါတွေကို လျော့ချနိုင်ပါတယ်။
နံပါတ် ၇ လိုမျိုး ပေးရတဲ့ တန်ဖိုးနဲ့ ညီတဲ့ ပစ္စည်းရအောင် ဈေးဆစ်ခြင်း၊ သက်သာတဲ့ နေရာရှာဝယ်ခြင်းမျိုး လုပ်လို့ ရပါတယ်။
မလိုအပ်တဲ့ အရာတွေကို မ၀ယ်မိအောင်၊ ကြားဖို့ အတွက် မ၀ယ်ဖြစ်အောင် သတိထားသင့်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
ကိုဟိန်း (Prospect Myanmar) ၏ တရားဝင် ခွင့်ပြုချက်ဖြင့် ယခု ဆောင်းပါးကို တင်လိုက်ပါသည်။

ရွှေဇီးကွက် page ကို ဒီမှာ like လုပ်ထားနိုင်ပါတယ်။ https://web.facebook.com/shwezeagwat/
Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment