ထီပေါက်ငွေ ဒေါ်လာ ၁၅ သန်းကို ၈ နှစ်အတွင်းကုန်အောင် ဖြုန်းခဲ့သူ။



အမှိုက်ကောက်သမား ထီပေါက်တဲ့အခါ..
အင်္ဂလန်နိုင်ငံရဲ့  အမြင့်ဆုံး ဒေါ်လာ(၁၅)သန်း ထီကို ၂၀၀၂ ခုနှစ်မှာ ပေါက်ခဲ့တဲ့ Michael Carroll မစ်ချဲလ်ကာရိုဟာ အသက်(၁၉)နှစ်မှာ သန်းကြွယ် သူဌေးလေးဖြစ်ခဲ့ပါတယ်။ ထီပေါက်တဲ့အချိန်မှာ မစ်ချယ်က သန့်ရှင်းရေးလုပ်သား
တယောက်ဖြစ်ခဲ့ပါတယ်။
ထီပေါက်ပြီး မကြာခင် အိမ်ခန်းသုံးခန်းပါတဲ့ ရေကန်နံဘေးက အိမ်ကြီး တအိမ်ကိုဝယ်လိုက်ပါတယ်။
၂၀၀၄ ခုနှစ်မှာ ဒေါ်လာတစ်သိန်းလောက်တန်တဲ့ BMW ကားအသစ်ကို နံပါတ်ပြားမတပ်- အာမခံ မဆောင်လို့  ကားမောင်းလိုင်စင် (၆)လ ပိတ်ခံရ ပါတယ်။
၂၀၀၅ မှာ အပျော်တမ်းလက်ဝှေ့ လောကကို ကိုယ်တိုင်ဝင်ထိုးခဲ့ပြီး စင်အောက်ကလောင်းကြေးတွေနဲ့ ထပ် ကစားခဲ့ပါတယ်။ ရှုံးပါတယ်။
၂၀၀၆ မှာ အရက်မူးပြီးရမ်းကားတဲ့ အမှု (၄၂) မှု(ကားမှန်ခွဲ ဆိုင်ခန်းများဖျက်ဆီး) စွဲချက်တွေနဲ့  တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းခဲ့ရပြီး ထောင်(၉)လ ကျခံဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။
၂၀၀၈ မှာ ဖက်ရှင်မယ်တွေနဲ့  တယောက်ပြီးတယောက်တွဲပြီး အရက်နဲ့  မူးယစ်ဆေး အလွန်သုံးစွဲနေတဲ့ ကာလမှာ ရင်းနှီးမြုပ်နှံတဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံး အရှုံးပေါ်ခဲ့တဲ့နောက် အိမ်ကြီးကိုရောင်းပြီး တိုက်ခန်းလေးတခုကို ပြောင်းနေခဲ့ရပါတယ်။
၂၀၁၀ ခုနှစ်မှာ သူရဲ့ အလုပ်ဟောင်း (သန့့် ရှင်းရေး) ဌာနကို မစ်ချဲလ်က အလုပ်လာလျှေက်ခဲ့ပြီး သူထီပေါက်တဲ့ ငွေအားလုံး ကုန်သွားပါပြီလို့  ၀န်ခံခဲ့ပါတယ်။
၂၀၁၂ မှာ မစ်ချဲလ်က ငွေတွေကို အမှိုက်တွေကို ပစ်သလို ပစ်မိခဲ့ကြောင်း
UK သတင်းဌာနကို ပြောခဲ့တယ်။ ဒေါ်လာ ၁၅ သန်း (ကျပ်ငွေ သန်းပေါင်း ၁၉၅၀၀)ကို (၈)နှစ်အတွင်း အကုန်ဖြုန်းခဲ့သူအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။
Michael Carroll (lottery winner)
Credit to Social Action for Women - SAW
Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment