အိုင်ဖုန်းဝယ်ဖို့  မိမိတို့ ၏ ၁၈ ရက်သားအရွယ်ကလေးကို ရောင်းစားခဲ့သော တရုတ်လင်မယား



ဆယ်ကျော်သက်အရွယ် တရုတ်လင်မယားနှစ်ယောက်ဟာ အိုင်ဖုန်းဝယ်ဖို့ အတွက် ၁၈ ရက်သားသာ ရှိသေးတဲ့ သတို့ ၏ သမီးလေးကို အွန်လိုင်းပေါ်မှ ရောင်းချခဲ့ပါတယ်။

ဝယ်ယူလိုသူများကို social media ပေါ်တွင်ရှာဖွေခဲ့ပြီး QQ chat မှနေ၍ ထိုကလေးအားဝယ်ယူမည့်သူကို တွေ့ ရှိခဲ့ပါတယ်။ ကလေးကို ထိုသူထံသို့ ပေါင် ၂၉၀၀ နဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေနဲ့ ရောင်းချပြီး အိုင်ဖုန်း ၀ယ်ကိုင်ခဲ့ကြပါတယ်။

ဝယ်ယူသူက ကလေးကို သူ့ ၏ ညီမအတွက် ၀ယ်ယူခဲ့တာဖြစ်ပြီး ဒီအမှုကို ရဲများလိုက်သော အချိန်တွင် ကလေးငယ်သည် ထိုသူ၏ ညီမနှင့်ပင်ရှိနေပါသည်။

ရောင်းချလိုက်သော လင်မယားကတော့ သူတို့ ဒီလိုလုပ်တာကို ရာဇသတ်မှုမြောက်တယ်မထင်ကြောင်း၊ ရပ်ကွက်ထဲမှာလည်း ကလေးမွေးပြီးလျှင် တခြားအိမ်က မွေးစားတာမျိုးရှိကြောင်း၊ အခုလည်း သူ့ ကို မွေးစားချင်သောသူထံ ရောင်းလိုက်ခြင်းသာ ဖြစ်ကြောင်း ထွက်ဆိုထားပါသည်။


Ref: Telegraph
Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment