ချမ်းသာချင်သူများရှောင်ကြဉ်ရမယ့် ပိုက်ဆံနဲ့ ပက်သက်တဲ့အမှား ၇ ခု


ကျွန်တော်တို့ တွေ ချမ်းသာချင်ကြပါသလား။ လူတော်တော်များများကတော့ ချမ်းသာ ချင်ကြတဲ့သူတွေများမယ်ထင်ပါတယ်။ ချမ်းသာချင်တဲ့ ရည်ရွယ်ချက်သာ ကွာယင်ကွာမယ် လူတော်တော်များများကတော့ ချမ်းသာ ချင်ကြမှာ အမှန်ပါ။ ကျွန်တော်လည်း ချမ်းသာချင်တာပါပဲ။ (မှတ်ချက်။ ။ ကိုယ်ဘယ်အချိန်မှာ ချမ်းသာပြီလဲ ဆိုတဲ့ limit တော့ ကွာလျှင် ကွာမှာပါ။ limit မရှိတဲ့သူတွေလည်း အများကြီးပါ)
အိုကေ….အဲ့ဒီလို ချမ်းသာချင်တဲ့လူတွေမှာ ပိုက်ဆံနဲ့ ပက်သက်လာလျှင် ရှောင်ကြဉ်ရမယ့် အရေးကြီး တဲ့ အချက် (၇) ခု ကို ရေးလိုက်ပါတယ်။ အရေးလည်းကြီးသလို သတိထားမိဖို့ ရာလည်း ခက်ခဲလှပါတယ်။ ကဲ အဲ့ဒီအချက် ၇ ချက်ကို ကြည့်ကြရအောင်။ 
၁။ ကိုယ်ရှာနိုင်တာထက် ပို၍ သုံးစွဲမိနေခြင်း။
ပိုက်ဆံရှာရတာ ခက်ပါတယ်။ ဒါပေမယ့် ပိုက်ဆံသုံးရတာကျတော့ လွယ်ပြန်ရော။ အခု ခေတ်အခါမှ ပိုက်ဆံ သုံးစရာနေရာတွေ၊ ပစ္စည်းတွေ ပေါများလာပါတယ်။ ဘာပဲလုပ်လုပ် ပိုက်ဆံလေး အရင်းခံလုပ်လိုက်ယင် အဆင်ပြေတာတွေများလာတယ်။ သက်သောက်သက်သာရှိတာတွေ များလာတယ်။
ဒါပေမယ့် ကိုယ်ရှာနိုင်တာထက် သုံးမိပြီဆိုယင်တော့ အဲ့ဒါက တကယ့်အမှားကြီးပါပဲ။ တစ်လ နှစ်လ မသိသာပေးမယ့် အချိန်ကြာလာယင် သိသာလာပါမယ်။
အခုတော့ မြန်မာနိုင်ငံမှာ အကြွေးဝယ်ခွင့်ကဒ်တွေ ခေတ်မစားသေးတော့ သိပ်မသိသာသေးပါဘူး။ အကြွေးဝယ်ခွင့် ကဒ်တွေ ခေတ်စားလာယင်တော့ ပိုမို သုံးစွဲမိဖို့ အလားအလာ ပို များလာမှာပါ။ 
ဒါကြောင့် William A. Ward ကပြောထားပါတယ်။ “ပိုက်ဆံ မသုံးခင် အယင်ရှာဖွေပါ”
၂။ မလိုအပ်တဲ့အရာများကို ၀ယ်ယူခြင်း 
အပေါ်မှာပြောသလို ပဲ အခုခေတ်အခါမှာ ပစ္စည်းအသစ်အဆန်းတွေများပြားလာပါတယ်။ အဲ့ဒီအခါမှာ တစ်ခါတစ်ရံလိုအပ်တာမျိုးမဟုတ်ပဲ ပစ္စည်းရဲ့ ဆွဲဆောင်မှုကြောင့် ၀ယ်ယူမိတာတွေ များလာပါတယ်။ ပြီးယင် သုံးလည်း မသုံးဖြစ်တော့ဘူး။ တစ်ခါတစ်ရံမှာကျတော့လည်း ကြွားဝါချင်တဲ့ စိတ်နဲ့ ဝယ်ယူမိတာတွေလည်းရှိတတ်ပါတယ်။ 
Warren Buffet က ပြောထားပါတယ် “အကယ်လို့ သင်ဟာ မလိုအပ်တဲ့အရာတွေကို ၀ယ်ခဲ့မိပြီဆိုလျှင်တော့ မကြာခင် လိုအပ်တဲ့အရာတွေကို ရောင်းချရတော့မှာဖြစ်ပါတယ်”
၃။ သင့်ရဲ့ ငွေရေးကြေးရေးအခြေအနေကို ရင်မဆိုင်ခြင်း။ 
ဝတဲ့သူ တစ်ယောက်ဟာ မှန်ကြည့်ဖို့ ကို ရှောင်ရှားတတ်ပါတယ်။ သူ ၀တာ ကိုကြည့်ပြီး စိတ်ညစ်မှာဆိုးလို ပါ။
အဲ့လိုပဲ လူတော်တော်များများဟာ မိမိရဲ့ ငွေကြေးအခြေအနေအမှန်ကို သိအောင် လုပ်ခြင်းမှ ရှောင်ကြဉ်တတ်ကြပါတယ်။ သိလိုက်လျှင် စိတ်ညစ်မှာဆိုးတဲ့အတွက် မသိချင်ယောင်ဆောင်နေတာပါ။
ဒါပေမယ် တကယ်သိရမယ့်အချိန်လည်းရောက်ရော ထိန်းသိမ်းလို့ မနိုင်ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ လို့ ကိုယ့်ငွေကြေးအခြေအနေကို အမြဲတမ်းသုံးသပ်သင့်ပါတယ်။ 
၎။ ပြင်ဆင်ထားမှု မရှိခြင်း။
ကိုယ့်မှာ ငွေကြေးနဲ့ ပက်သက်ပြီး ကြိုတင်ပြင်ဆင် ခန့် ခွဲစီမံထားမှု ရှိရပါမယ်။ ဘယ်အချိန်မှာ ဘာသုံးမယ်။ ဘယ်အချိန်မှာ ဘာဝယ်မယ်ဆိုတာ ကိုယ့်ဝင်ငွေပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်ရပါမယ်။
ဒါမှသာ ပိုက်ဆံကို စနစ်တကျသုံးနိုင်မှာဖြစ်တယ်။ ဥပမာ ကိုယ့်မှာအကြွေးဆပ်စရာရှိတယ်ဆိုလျှင် မြန်မြန် ဆပ်သင့်တယ်။ ပြီးတော့မှ လိုအပ်တာ ကို ၀ယ်ယူသင့်တယ်။ 
၅။ ၀င်ငွေတစ်ခုတည်းအပေါ်မှာ မှီခိုလွန်းခြင်း။
လူတော်တော်များများ (အများအားဖြင့် ၀န်ထမ်းတွေ) ဟာ ၀င်ငွေတစ်ခုတည်းပေါ်မှာမှီခိုရတာကို သဘောကျပါတယ်။ လကုန်ရက်မှာ အချိန်တန် လစာရတာဟာ သက်သောင့်သက်သာ ရှိလှပါတယ်။ စီးပွားရေးလုပ်တဲ့သူတောင် တစ်ခါတစ်ရံ စီးပွားရေး တစ်ခုတည်းအပေါ်မှာ မှီခိုပြီးနေတတ်ပါတယ်။ အဲ့ဒီအချိန်မှာများ တစ်ခုခု အနှောက်အယှက်ဝင်ခဲ့ပါက ငွေကြေးအကျပ်အတည်း တွေဖို့ ရာခိုင်နှုန်းများသွားပါတယ်။ 
၇။ ၀င်ငွေတိုးလာစေဖို့ မကြိုးစားခြင်း။ 
တကယ်တော့ ကျွန်တော်တို့ ရဲ့ ဝင်ငွေဟာ အချိန်ပေါ်မူတည်ပြီး တိုးတက်နေရမှာပါ (ငွေကြေးဖောင်းပွမှုကြောင်းတိုးတာ ကို ပြောတာမဟုတ်ပါဘူး)။ အယင်နှစ်က တစ်လ ၅ သိန်းဝင်လျှင်နောက်နှစ်မှာ ၈ သိန်း ၀င်အောင်ကြိုးစားရမယ်။ ၀န်ထမ်းဆိုလျှင်တော့ ရာထူးတိုး လစာတိုးလို့ ဝင်ငွေတိုးလာနိုင်ပေမယ့် စီးပွားရေးမှာကတော့ ၀င်ငွေတိုးလာစေဖို့ ကို ပိုပြီးကြိုးစားရပါတယ်။ 
ကျွန်တော်တို့တွေမှားယွင်းစွာ လက်ခံထားတာ တစ်ခု ရှိပါတယ်။ အကယ်၍ မိမိကို လူတစ်ယောက်က ငွေစုဖို့ ပြောလာယင် ပထမဦးဆုံး ဘာကို စဉ်းစားမလဲ။ 
ကျွန်တော်တို့ တော်တော်များများစဉ်းစားကြတာက ငွေစုနိုင်ဖို့ အတွက် အသုံးစရိတ်ကို ဘယ်လို လျှော့ ရမလဲဆိုတာကို စဉ်းစားပါလိမ့်မယ်။ တကယ်တော့ အသုံးစရိတ်လျှော့ဖို့ ထက် မိမိ ၀င်ငွေတိုးဖို့ ကို ပိုပြီး စဉ်းစားသင့်ပါတယ်။ ဒါမှသာ ကုန်ဈေးနှုန်းတတ်တာကိုလည်း အဆင်ပြေပြေ ရင်ဆိုင်နိုင်မှာပါ။ 
၇။ ငွေစုဖို့ ထက် သုံးစွဲဖို့ ကို ဦးစားပေးမိနေခြင်း။ 
နံပါတ် (၁) မှာရေးထားတာနဲ့ တောင်တူပါတယ်။ ကျွန်တော်တို့ တော်တော်များများဟာ ငွေစုဖို့ ထက် သုံးစွဲဖို့ ကို ဦးစားပေးမိပါတယ်။ မသုံးမဖြစ်လို့ သုံးရတာ ဆိုတဲ့ ဆင်ခြေမျိုးကို ပေးတတ်ကြပါတယ်။ အဲ့ဒီလိုနဲ့ စုဖို့ (ဖြစ်နိုင်လျှင် ရင်းနှီးမြုပ်နှံဖို့ ) ကို နောက်မှ လုပ်မယ်ဆိုပြီး မလုပ်ဖြစ်တာရှိတတ်ပါတယ်။
ဒါကြောင့်ပြောချင်တာက နောက်မှ စုမယ် (ရင်းနှီးမြုပ်နှံမယ်)ဆိုတာကို ရှေ့ ဆုံးတင်လိုက်ပါ။ သုံးစွဲတာကို ရှေ့  တန်းတင်ခြင်းကို ရပ်လိုက်ပါ။ 
ဒါတွေကတော့ ချမ်းသာချင်လျှင် ရှောင်ကြဉ်ရမယ့် ပိုက်ဆံနဲ့ ပက်သက်တဲ့အမှားတွေပဲ ဖြစ်ပါတယ်။ 
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment