ငွေအရင်းနဲနဲဖြင့် စီးပွားရေး လုပ်ငန်း စတင်နည်း။


စီးပွားရေးလုပ်ငန်း တစ်ခု စတင် အကောင်အထည်ဖော်ဖို့ ငွေအရင်းအနှီးအတိုင်းအတာ တစ်ခုအထိတော့ လိုအပ်တာပါပဲ။ အဲ့ထက်ပိုပြီးအရေးကြီးတာက လုပ်ငန်းစတင်ပြီးမှ နောက်ပိုင်းမှာ ဆက်လက်လည်ပတ်ဖို့ အရင်းအနှီး မရှိတော့တာပါပဲ။ 
ဒီဆောင်းပါးမှာ ငွေအရင်းနဲနဲ နဲ့ စီးပွားရေးလုပ်ငန်းကို စတင်နိုင်မယ့် နည်းလမ်းများကို ရေးသွားမှာပါ။ 
(၁) ဈေးကွက်ရှိပြီးသား ၀ယ်လိုအားရှိပြီးသား စီးပွားရေးလုပ်ငန်းကို ရွေးချယ်ပါ။ 
သင့်အနေနဲ့  အခြားသူတွေ မလုပ်သေးတဲ့ လုပ်ငန်းသစ်တစ်ခုကို အကောင်အထည်ဖော်မယ်ဆိုလျှင် ဈေးကွက်အခြေအနေ၊ သုံးစွဲသူ အခြေအနေ အစရှိတာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ လုပ်ရတော့မှာပါ။ အဲ့ဒီအတွက် ကုန်ကျစရိတ်တွေ များမှာပါ။ 
အဲ့ဒီလို မဟုတ်ပဲ သင့်မှာ ထူးခြားတဲ့ marketing idea တွေ ရှိတယ်ဆိုလျှင်တော့ ဈေးကွက်ရှိပြီးသား စီးပွားရေးလုပ်ငန်း ကိုပဲ ရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် သင်လုပ်ရမှာက အခြား သူတွေထက်ပိုထူးတဲ့ အကြံဥာဏ်တွေ ၀န်ဆောင်မှုတွေကို ထပ်ဖြည့်ရမှာပါ။ နောက်တစ်ခုကတော့ သင့်ဝန်ဆောင်မှု အပေါ် စိတ်ချယုံကြည်ပြီး ရေရှည်သုံးစွဲမယ့် အမာခံသုံးစွဲသူများ ရှိလာအောင် ကြိုးစားပါ။ ထိုသူတွေကနေ တဆင့် အခြားသူတွေကို သင့် ၀န်ဆောင်မှု အကြောင်း ပျံ့ သွားပါလိမ့်မယ်။ 
(၂) ထွက်ငွေထက် ၀င်ငွေများအောင် ကြိုးစားပါ။ 
supplier တွေနဲ့ ညှိတဲ့အခါမှာ အချိန်တော်တော်ကြာမှ ငွေပေးချေလို့ ရအောင် ညှိနှိုင်းယူပါ။တစ်ဖက်မှာတော့ customers တွေကို အချိန်မှန် ငွေပေးဖို့ ကို တိုက်တွန်းပါ။ အဲ့ဒီအခါမှာ သင့်လက်ထဲမှာ ငွေရှိနေပါလိမ့်မယ်။
လုပ်ငန်းအသုံးစရိတ်ကို မျက်ချေမပြတ် ကြည့်နေပြီး လုပ်ငန်းလည်ပတ်မှုကို မထိခိုက်နိုင်မယ့် အသုံးစရိတ်တွေရှိလျှင် လျော့ချ၊ ဖယ်ထုတ်ပစ်ပါ။ 
(၃) ပိုက်ဆံကို ဥာဏ်နဲ့ ယှဉ်ပြီးသုံးစွဲပါ။ 
အပေါ်မှာ ပြောထားသလိုပါပဲ သင့်လုပ်ငန်းအတွက် ဘယ်အသုံးစရိတ်တွေဟာ အမှန်တကယ်လိုအပ်ပြီး ဘယ်အသုံးစရိတ်တွေ မလိုဘူးဆိုတာကို သိအောင်လုပ်ပါ။ မလိုအပ်တဲ့ နေရာတွေမှာ မသုံးမိအောင် ဆင်ခြင်ပါ။ 
(၄) ငွေကြေးနေရာမှာ ၀န်ဆောင်မှု၊ ပစ္စည်းကို အစားထိုးပါ။ 
တစ်ခါတစ်ရံမှာ သင့် supplier ကို ငွေကြေးအစား သင့်ရဲ့ ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုကို အစားထိုးပေးနိုင်ပါတယ်။ ဥပမာ သင်က မီဒီယာ လုပ်ငန်း လုပ်တယ်ဆိုပါစို့ ။ သင့်ရဲ့ supplier (ဥပမာ ပုံနှိပ်သူ) ကို ပေးရမယ့် ပုံနှိပ်ခ အချို့ ကို သင့်မီဒီယာမှာ အဲ့ဒီ ပုံနှိပ်လုပ်ငန်းကို ကြော်ငြာပေးခြင်းဖြင့် ငွေပေးချေမှု ပြုလုပ်နိုင်ပါတယ်။ 
(၆) ကုန်ကျစရိတ်များကို အခြားသူများနဲ့ မျှခံပါ။ 
ဥပမာ သင့်လုပ်ငန်းက ရုံးခန်း တစ်ခန်းလောက်ရှိယင် လုံလောက်တယ်ဆိုလျှင် သင်ဟာ တိုက်ခန်း တစ်ခန်းလုံး ကို သင်တစ်ယောက်တည်း ငှားစရာမလိုတော့ပါဘူး။ co-working space လိုနေရာမှာ ရုံးခန်းလေး အချိန်ပိုင်းနဲ့ ငှားရမ်းနိုင်ပါတယ်။ ဒါမှမဟုတ်လည်း သင့်မှာပိုနေတဲ့အခန်းတွေကို အခြား လုပ်ငန်းများကို ငှားရမ်းနိုင်ပါတယ်။
အဲ့ဒီလိုပဲ ကုန်လှောင်ထားဖို့ ဂိုဒေါ်တွေကိုလည်း စပ်တူ ငှားရမ်းခြင်း များပြုလုပ်လို့ ရပါတယ်။ 
အထက်မှာဖော်ပြထားတာတွေကတော့ စီးပွားရေးလုပ်ငန်းစတင်ချိန်မှာ မလိုအပ်တာကို မကုန်စေဖို့ အတွက် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ 
အားလုံးကို ကျေးဇူးတင်ပါတယ်။ 
Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment