Digital ဖန်သားမျက်နှာပြင်များ၏ အန္တရာယ်မှ သင့်မျက်လုံးအားကာကွယ်ခြင်း



Digital ခေတ်မှာ ကျွန်တော်တို့ ၏ မျက်လုံများသည် အချိန်တော်တော်များများ ဖန်သားမျက်နှာပြင်များကို ကြည့်ရှုခြင်းဖြင့် ကုန်ဆုံးလေ့ရှိပါတယ်။ အသက်အရွယ်အလိုက်၊အလုပ်အကိုင်အလိုက် ဖန်သားမျက်နှာပြင်များကို ကြည့်ရှုရခြင်း ကွာခြားသော်လည်း အချိန်တော်တော်များများ ကြည့်ရှူဖြစ်လာသည်ကတော့ အမှန်ပင်ဖြစ်သည်။
ထိုအခါမျိုးတွင် မိမိ မျက်လုံးအား ထိခိုက်မှုမှ ကာကွယ်ရန် အောက်ပါအချက်များကို လိုက်နာကျင့်သုံးသင့်ပါသည်။ ထိုအချက်များသည် ငွေကုန်ကြေးကျလည်းနည်းသည့်အပြင် အလွယ်တကူလေ့လာကျင့်သုံးနိုင်ပြီး တကယ်လည်းထိရောက်သော နည်းလမ်းများဖြစ်ပါသည်။

၁။ မျက်လုံး လေ့ကျင့်ခန်းလုပ်ပေးပါ။

သင့်အနေနဲ့ ဖန်သားမျက်နှာပြင်တစ်ခုကို အချိန်အတော်ကြာကြာစူးစိုက်ကြည့်ရှူ့ နေပါက သင့်မျက်လုံးအနေဖြင့် ထိုမျက်နှာပြင်နှင့်အကွာအဝေးကို ပုံသေသတ်မှတ်လိုက်ပါသည်။ ထိုအခါမျိုးတွင် အခြား အကွာအဝေးတွင်ရှိသော အရာများကို ရုတ်တရက်ပြောင်းကြည့်လိုက်ပါက စူးစိုက်ကြည့်လို့ မရတာမျိုးဖြစ်တတ်ပါသည်။
ဒါကြောင့်မို့ လို့ အနည်းဆုံး ၂၀ မိနစ်လျှင်တစ်ကြိမ် သင်ကြည့်နေသော မျက်နှာပြင်ထံမှ ခွဲ၍ အခြားနေရာများသို့ လည်း လှည့်ပတ်ကြည့်ရှူ့ ခြင်းအားဖြင့် မျက်လုံးလေ့ကျင့်ခန်း လုပ်သင့်ပါသည်။

၂။ ဖန်သားမျက်နှာပြင်များမှ အကွာအဝေး လက္မအနည်းငယ်ခွာ၍ ထိုင်ပါ။

ဖန်သားမျက်နှာပြင်နှင့်အနည်းဆုံး လက်တစ်မောင်းစာ ခွာ၍ ထိုင်သင့်ကြောင့် မျက်စိအထူးကုဆရာဝန်များက အကြံပေးထားခြင်းများရှိပါသည်။

၃။ သင့်မျက်လုံးအား သဘာဝ အလင်းရောင်ကို ပေးကြည့်ပါ။

ကွန်ပြူတာရှေ့ မှာ အချိန်အတော်ကြာအလုပ်လုပ်ပြီးပါက အပြင်သို့ ထွက်၍ လမ်းလျှောက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှူ့ သင့်သည်။ သဘာဝအလင်းရောင်က သင့်မျက်လုံး၏ အမြင်ကို ပြန်လည် ထိန်းညှိပေးနိုင်ပြီး သင့်မျက်လုံးအား သဘာဝနှင့်ပြန်လည်ဆက်စပ်ပေးကာ ညဖက်တွင် အိပ်မပျော်ခြင်းမှ ကင်းဝေးစေနိုင်ပါသည်။

၎။ ဖန်သားပြင်အလင်းရောင်ကို ထိန်းညှိပါ။

သင့်ကွန်ပြူတာဖန်သားပြင်၏ အလင်းရောင်သည် ပတ်ဝန်းကျင်၏ အလင်းရောင်နှင့်လိုက်လျောညီထွေမှုရှိရပါမည်။ သင်အလုပ်လုပ်နေသော ပတ်ဝန်းကျင်သည် အလင်းရောင်များသော ပတ်ဝန်းကျင်ဖြစ်ပါက ကွန်ပြူတာဖန်သာပြင်အလင်းရောင်ကို တိုးမြှင့်ပေးသင့်ပြီး သင်သည် အလင်းရောင်နည်းသော၊ အလင်းဖျော့သော အခန်းအတွင်းတွင်လုပ်နေပါက ဖန်သာပြင်အလင်းရောင်ကို လျော့ချပေးရပါမည်။

၅။ အစားအသောက်ဖြင့် သင့်မျက်လုံးကို အားဖြည့်ခြင်း

Vitamin C, Vitamin A, Zinc, Omega 3 fatty acid ကြွယ်ဝသော အစာများသည် သင့်မျက်လုံး၏ အမြင်ကို တိုးတတ်စေပြီး အမြင်အာရုံကြောနာဗ့်များကိုလည်း အားကောင်းစေပါသည်။ ထိုအစားများကို စားသုံးခြင်းဖြင့် digital ဖန်သားပြင်များကို တာရှည်ကြည့်ရှူ့ ခြင်းကြောင့် ထိခိုက်ခံထားရသော သင့်မျက်လုံးအား ပြန်လည် အားဖြည့်ကောင်းမွန်စေနိုင်ပါသည်။

၆။ digital  ဖန်သားမျက်နှာပြင်ကို သင့်မျက်လုံးအောက် ၅ လက်မအကွာတွင် ထားရှိခြင်း။

အဓိက အားဖြင့် ဖုန်းမျက်နှာပြင်များကို ကြည့်သောအခါတွင် သင့်မျက်လုံး (eye level)  အောက်သို့ ၅ လက်မခန့် နှိမ့်ထားပြီး ကြည့်ရှသင့်သည်။ ထိုအခါမျိုးတွင် သင်၏ မျက်လုံးသည် အနည်းအကျဉ်းသာပွင့်သောကြောင့် မျက်လုံးတော်တော်များများကို မျက်ခွံများက ဖုံးအုပ်ကာကွယ်ပေးထားနိုင်ပါသည်။

၇။ မျက်လုံးကို ပုံမှန်အနားပေးပါ။

ဖန်သာမျက်နှာပြင်များကို တောက်လျှောက်ကြည့်ရှူ့ ခြင်းမပြုပဲ အနည်းဆုံး ၂ နာရီတစ်ခါလောက် အနားပေးသင့်ကြောင့် မျက်စိကျွမ်းကျင်သူများက အကြံပေးထားပါသည်။ အနားပေးရာတွင်လည်း အနည်းဆုံး ၁၅ မိနစ်ခန့် နားသင့်ပါတယ်။ ထိုသို့ အနားပေးသည့်အချိန်တွင် မျက်လုံးကို ပေကလပ်ပေကလပ်လုပ်ကာ လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ မျက်စိမှိတ်ကာအနားယူခြင်း၊ မျက်စင်းခပ်ပေးခြင်း အစရှိသည်တို့ ကို လုပ်ပေးသင့်ပါသည်။

၈။ digital device  များကို အသုံးပြုမှု လျော့ချပါ။

အခုခေတ်မှာ ကွန်ပြူတာ မကြည့်တဲ့အချိန်မှာ ဖုန်းပွတ်ပါတယ်။ ဖုန်းမပွတ်တဲ့အချိန်မှာTV ကြည့်ပါတယ်။ မျက်စိအတွက်က ထိခိုက်စရာတွေကြီးပါပဲ။ ဒါကြောင့် ဖြစ်နိုင်လျှင် digital device တွေ အသုံးပြုခြင်းကို တတ်နိုင်သလောက် သတိထားပြီးလျော့ချသင့်ပါတယ်။ အနည်းဆုံးတော့ မအိပ်ခင် နာရီဝက်လောက်မှာ အသုံးပြုတာကို ရပ်သင့်ပါတယ်။

၉။ ဆရာဝန်နဲ့ တိုင်ပင်ကာ သင့်တော်သော မျက်မှန်တပ်ဆင်ခြင်း။

အထက်ပါ အချက်များပြုလုပ်ခြင်းအပြင် လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ကာ သင့်တော်သော အထူးပြုလုပ်ထားသည့် မျက်မှန်များတတ်သင့်ပါသည်။ ထိုမျက်မှန်များတက်ခြင်းဖြင့် သင့် မျက်လုံးအပေါ်အလင်းကျရောက်မှုကို ကာကွယ်ပေးနိုင်ပြီး သင့်မျက်လုံး အလွန်အမင်းအားစိုက်ရမှုကို ကာကွယ်ပေးနိုင်ပါသည်။


Written by ကိုဟိန်း (Prospect Myanmar Digital Hub)  
Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment