သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်များက သင့်ကို မုန်းနေတယ်ဆိုတာကို သိနိုင်တဲ့ လက္ခဏာများ


သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်က သင့်ကိုမုန်းနေတယ်လို့ သင်ခံစားရတယ်ဆိုလျှင် အဲ့ဒါမှန်နိုင်ပါတယ်။ သူတို့ က သင့် အပေါ်ဆက်ဆံပုံသည်အခြားသူများအပေါ်ဆက်ဆံပုံနဲ့ မတူဘူးဆိုလျှင် သင်ဟာသူတို့ ရဲ့ favorite လူမဟုတ်တာတော့ သေချာပါတယ်။ အဲ့ဒါကို သိနိုင်ဖို့ အောက်က အချက်လေးတွေက သင့်ကို အကူအညီပေးပါလိမ့်မယ်။
(၁) သင် သူတို့ နားမှာရှိနေတဲ့အချိန်တွေမှာ သူတို့ ရဲ့ အပြုံးတွေ ပျောက်ဆုံးနေခြင်း။ 
အရမ်းအလုပ်ရှုပ်နေတဲ့အချိန်၊ deadline တွေနီးကပ်နေတဲ့အချိန်မှာ မပြုံးနိုင်တာကို မဆိုလိုပါ။ ပုံမှန်အချိန်မျိုးမှာ မပြုံးဖြစ်အောင် အားထည့်ကြိုးပမ်းနေတာကို တွေ့ တယ်ဆိုလျှင်တော့ ဒါဟာ သင့်ကို မကြိုက်ဘူးဆိုတဲ့ လက္ခဏာတစ်ခုပါပဲ။ 
(၂) သင်နဲ့ မျက်လုံးခြင်းမစုံဖြစ်အောင်နေခြင်း။
လူတစ်ယောက်ကို မကြိုက်ဘူးဆိုလျှင် အဆိုပါလူနဲ့ အကြည့်ခြင်းဆုံဖို့  ခက်ခဲပါလိမ့်မယ်။ သင့်ရဲ့  လုပ်ဖော်ကိုင်ဖက်ဟာ သင်နဲ့ အကြည့်ချင်းမဆုံးဖြစ်အောင် ကြိုးစားနေတယ်ဆိုလျှင် သူ့ စိတ်ထဲမှာ သင့်အပေါ် အခဲမကျေခြင်း၊ မကြိုက်ခြင်းများရှိနေတာဖြစ်နိုင်ပါတယ်။ 
(၃) သင့်ကို ရှောင်ဖယ်ခြင်း၊ မျက်နှာချင်း မဆိုင်ဖြစ်အောင် နေခြင်း။ 
သင်ဓါတ်လှေကားစောင့်နေတာကိုတွေ့ လို့ သူတို့ က လှေကားကို သုံးပြီးတတ်သွားတာမျိုး၊ သင် မီးဖိုခန်းကနေ ကော်ဖီဖျော်ပြီးထွက်သွားတဲ့အထိ သူတို့ မီးဖိုခန်းထဲ မ၀င်တာမျိုးတွေ သတိထားမိလျှင်လည်း ဒါ တစ်ခုခု ဖြစ်နေပြီဆိုတာ သိနိုင်ပါတယ်။ 
(၄) သင့်ရဲ့ အကြောင်း ကောလဟာလများ ပျံ့ နေခြင်း။
သင့်အလုပ်ပတ်ဝန်းကျင်မှာ သင့်အကြောင်း ကောလဟာလပျံ့ နေတယ်ဆိုလျှင်တော့ ဒါဟာ သင့်ကို မကြိုက်တဲ့ သူရဲ့ လက်ချက်လို့ မှတ်ယူနိုင်ပါတယ်။
(၅) သင်ရှိနေတာကို အသိအမှတ်မပြုခြင်း။
သင်ရှိနေတဲ့အခန်းထဲကို ၀င်လာပြီးမှ သင့်ကို မနှုတ်ဆက်သွားခြင်း၊ ပိုဆိုးတာက တခြားသူတစ်ယောက် ကို နှုတ်ဆက်ပြီး သင့်ကို ကျော်သွားခြင်းတွေ ရှိတယ်ဆိုလျှင် ဒါဟာ သင့်ကို တော်တော် မကြိုက်ပုံရပါပြီ။
(၆) သင်နဲ့ စကားတိုတိုတုတ်တုတ်သာပြောခြင်း။
သင်နဲ့ ဆက်ဆံတဲ့ အခါတိုင်းမှာ “အင်း” “ဟုတ်တယ်” အဲ့ဒီလောက်သာပြောပြီး စကားစကို ဖြတ်ဖို့ ကြိုးစားနေတယ်ဆိုလျှင်လည်း ဒါဟာ မကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။
(၇) မကြိုက်တဲ့ ပုံစံကို ကိုယ်စားပြုသော body language များ ပြုခြင်း။
အစည်းအဝေးခန်းထဲမှာ သင့်ဖက်ကို မျက်နှာမမူခြင်း၊ သင်စကားပြောတဲ့အချိန်မှာ လက်မခံတဲ့ ပုံစံ ဆန့် ကျင်တဲ့ ပုံစံ (ဥပမာ လက်ပိုက်ထားခြင်း) များ လုပ်ခြင်း၊ သင်စကားပြောနေတာကို အလေးမထားတဲ့ ပုံစံမျိုးလုပ်ခြင်း၊ ဒါတွေဟာ သင့်ကို မကြိုက်ကြောင်းပြတဲ့ body language တွေပဲဖြစ်ပါတယ်။
(၈) လူမှုရေးပွဲတွေ၊ ရုံးပြင်ပစားပွဲသောက်ပွဲတွေကို သင့်အားမခေါ်ခြင်း
သင့်ကို နေ့ လည်စာတူတူစားဖို့ မခေါ်ခြင်း၊ ရုံးဆင်းချိန်မှာ တူတူသောက်စားသည့် ပွဲသို့ မဖိတ်ခြင်း အစရှိတာတွေ ရှိပါက သင့်ကို မကြိုက်ကြောင်း သူတို့ ပြတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။
(၉) သင့်ကို email ဖြင့်သာဆက်သွယ်ခြင်း
အကြောင်းအရာတော်တော်များများကို သင့်ကို တိုက်ရိုက်မပြောပဲ email ကနေပဲ ပို့ တယ်ဆိုလျှင်လည်း ဒါဟာ သင်နဲ့ အဆက်အဆံမပြုချင်တဲ့ လက္ခဏာကို ပြတာပါ။ တစ်ခါတစ်လေ ဘေးချင်းကပ်ရပ်ထိုင်ပြီး email နဲ့ သာဆက်ဆံတာမျိုးတွေ ရှိတတ်ပါတယ်။
(၁၀) သင်နဲ့ အမြဲတစေ သဘောမတူညီမှုများရှိနေခြင်း။
သင်ဘာပြောပြော သဘောမတူညီမှုများပြနေပါက သင့်ကို personal အရ မကြိုက်မှုများ ရှိနေသည်ဟု မှတ်ယူနိုင်ပါတယ်။ 
(၁၁) သင့်ရဲ့ ပြင်ပဘ၀ အကြောင်း ဘယ်သောအခါမှမမေးခြင်း။ 
ပုံမှန်အလုပ်ခွင်မှာ တစ်ယောက်နဲ့ တစ်ယောက် မိသားစုအရေး၊ ပြင်ပအကြောင်းအရာများ ဆွေးနွေးတတ်ကြပါတယ်။ အဲ့လို မှ မဟုတ်ပဲ သင့်အကြောင်းကို ဘာမှ စိတ်ဝင်စားပုံမပြပါက ဒါဟာ သင့်ကို မကြိုက်တဲ့လက္ခဏာတစ်ခုပါပဲ။
(၁၂) သင့်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် နာမည်ကောင်းယူသွားခြင်း။
သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေအပေါ် မှ သိသိသာသာကြီး နာမည်ကောင်းဝင်ယူသွား၊ အသုံးချသွားတယ်ဆိုလျှင် လည်း ဒါဟာ သင့်ကို မကြိုက်လို့ တမင်လုပ်သွားတယ်လို့ မှတ်ယူနိုင်ပါတယ်။ အထူးသဖြင့် အခြားသူတွေပေါ်မှာ မလုပ်ပဲ သင့်အပေါ်မှာသာလုပ်သွားတယ်ဆိုလျှင် ပိုပြီးမှန်ကန်ပါလိမ့်မယ်။
(၁၃) သင့်အပေါ် ကျောလွန်းခြင်း၊ power ပြခြင်း
သင့်ကို မုန်းသော သူသည် သင့်ကို ဆက်ဆံရာတွင် တစ်ခါတစ်ရံ အကျောကြီးဖြင့် ဆက်ဆံပါလိမ့်မည်။ တစ်ခါတစ်ရံ သင့်ကို သူ၏ လက်အောက်ငယ်သားကဲ့သို့ ပါဝါပြပါလိမ့်မည်။ 
(၁၄) သင့်ရဲ့ ဘ၀လမ်းကြောင်း၊ ရည်မှန်းချက်များကို စိတ်ဝင်စားလွန်းခြင်း 
အပေါ်က အချက်တော်တော်များများရှိနေပြီး သင့်ရဲ့ ရည်မှန်းချက်တွေ၊ ဘ၀လမ်းကြောင်းတွေအကြောင်းကို အရမ်းကို စိတ်ဝင်စားလွန်းတယ်ဆိုလျှင်တော့ သတိထားပါ။ သင့်ရဲ့ ဘ၀ရှေ့ ရေးကို ပါ အနှောက်အယှက်ပြုဖို့ သူတို့ စဉ်းစားနေတာဖြစ်နိုင်ပါတယ်။ 
ဒီအပေါ်မှာရေးထားတဲ့အချက်တွေမှာ တစ်ခုတည်းရှိယုံနဲ့ တော့ သူ ငါ့ကို မုန်းနေပြီလို့ သတ်မှတ်လို့ မရပါဘူး။ ဥပမာ သင့်ရဲ့ မိသားစု အကြောင်းကို စိတ်မ၀င်စားလို့ ငါ့ကို မကြိုက်ဖူးလို့ ယူဆလို့ မရပါဘူး။ သူက သင့်အကြောင်းမမေးတာ အားနာလို့ ဖြစ်လျှင် ဖြစ်ပါလိမ့်မယ်။ 
ဒါပေမယ့် ဒီအချက်တွေထဲက တော်တော်များများရှိနေတယ်ဆိုလျှင်တော့ သင့်အတွက် သတိထားစရာ အခြေအနေရောက်နေပါပြီ။ သင့်ကိုသင်လည်း ပြန်လည် သုံးသပ်ဖို့ အချိန်ကျပါပြီ။ 
အားလုံးအလုပ်ခွင်မှာ အဆင်ပြေနိုင်ကြပါစေ။
Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment