သင့်ကို ချမ်းသာမှု ကနေ ဝေးကွာစေတဲ့ အချက် (၁၀) ချက်



၁။ ကံကောင်းတဲ့သူမှသာချမ်းသာကြပြီး မိမိမှာ ထိုကံမပါလာဘူး ဆိုတဲ့ အတွေးရှိခြင်း။ 
တစ်နည်းအားဖြင့်ပြောလျှင်တော့ ငါ့မှာ ချမ်းသာဖို့ ကံမပါလာပါဘူးဟု ကံကိုပုံချလိုက်ပြီး ကြိုးစားလုပ်ကိုင်ချင်စိတ်များ ပျောက်သွားစေတဲ့ အတွေးများ ရှိနေခြင်းဖြစ်ပါသည်။ 
၂။ ငါလုပ်နိုင်တယ် ဆိုတဲ့ အတွေးမရှိခြင်း၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိခြင်း။
ငါ့မှာ MBA မရှိဘူး။ ငါဘွဲ့ မရဘူး။ ငါ ၁၀ တန်းမအောင်ဘူး၊ ဒါကြောင့် ငါ သူဌေးလည်း မဖြစ်နိုင်ဘူး ဆိုတဲ့ အတွေးများရှိနေခြင်းပင်ဖြစ်ပါသည်။ စီးပွားရေးမှာ အောင်မြင်ဖို့ ပညာတတ်ခြင်းသည် တစ်စိတ်တစ်ပိုင်း အရေးကြီးပါသော်လည်း မီလျံနာတိုင်းသည် ပညာတတ်ကြီးများ မဟုတ်ကြပါ။
ဒါကြောင့် သူတစ်ပါးလို အတန်းပညာ ကောင်းစွာမရခဲ့တဲ့အတွက် ငါမလုပ်နိုင်ဘူး၊ ငါ မအောင်မြင်နိုင်ဘူးဆိုတဲ့ အတွေးတွေကို ဖယ်ထုတ်ပစ်လိုက်ပါ။ 
၃။ ငါဟာကြိုးစားအားထုတ်ချင်စိတ်နည်းတဲ့အတွက် မချမ်းသာနိုင်ဘူး ဆိုတဲ့ အတွေးရှိခြင်း။ 
ချမ်းသာတဲ့သူတွေရဲ့ ကြိုးစားအားထုတ်မှု၊ ပိုမိုချမ်းသာလိုမှု ဟာ သင့်ထက် မပိုပါဘူး။ သင့်ထက်ပိုတာ တစ်ခုကတော့ သူ တို့ အပေါ် သူတို့ ယုံကြည်မှု ရှိပြီး တစ်ချိန်ချိန်မှာ ချမ်းသာရမယ် ဆိုတာကို အမြဲ လက်ခံထားတာကြောင့်ပဲဖြစ်ပါတယ်။ 
၎။ ပိုက်ဆံ များများပိုရှာနိုင်ဖို့ ထက် ပိုက်ဆံ စုဖို့ ကိုသာ ဦးစားပေးခြင်း။ 
ပိုက်ဆံ စုတာကောင်းပါတယ်။ ဒါပေမယ့် စုတဲ့ပိုက်ဆံတွေဟာ အချိန်ကြာလာတာနဲ့ အမျှတန်ဖိုးကျသွားမှာပါ။ ဒါကြောင့် စုထားတဲ့ပိုက်ဆံတွေကို ပွားများလာအောင်လုပ်နိုင်ဖို့ လိုသလို ပိုက်ဆံ များများပိုရှာနိုင်ဖို့ လည်းလိုပါတယ်။ 
၅။ ပိုက်ဆံများများ ပိုရှာနိုင်ဖို့ အလုပ်ချိန်များများလုပ်ရမည်ဟုသာ ခံယူထားခြင်း။ 
သင့်ရဲ့ လစာဟာ အလုပ်လုပ်တဲ့နာရီပေါ်မူတည်ပြီးရတာဆိုလျှင် နာရီများများ အချိန်ပိုလုပ်လေ ပိုက်ဆံပိုရလေ ဆိုတဲ့ သဘောတရားကမှန်ပါတယ်။ ဒါပေမယ့် ဒီရလာတဲ့ ပိုက်ဆံက သင့်ကို ချမ်းသာစေနိုင်လောက်အောင် များပြားဖို့ ဆိုတာခက်ပါတယ်။
အဲ့ဒီအတွက် အလုပ်ချိန်များများပိုလုပ်မှ ပိုက်ဆံပိုရနိုင်မည့် နည်းလမ်းအစား ပုံမှန်အလုပ်ချိန်အတွင်းမှာပဲ ပိုရှာနိုင်မည့် နည်းလမ်းကို ရှာဖွေ သင့်ပါတယ်။ ဥပမာ နည်းပညာ တစ်ခုခု၏ အထောက်အကူကို ရယူတာမျိုးပေါ့။ 
၆။ ကျဆုံးမှာကို ကြောက်ခြင်း။ 
စီးပွားရေးလုပ်တယ်ဆိုတာဟာ စွန့် စားမှု ပါပဲ။ အောင်မြင်နိုင်သလဲ ကျလည်း ကျဆုံးနိုင်ပါတယ်။ အဲ့ဒီ လို ကျဆုံးမှာကို ကြောက်နေတဲ့ အတွေးရှိနေလျှင် စီးပွားရေးလုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။
၇။ အပေါင်းအသင်းမကောင်းခြင်း။ 
ချမ်းသာချင်စိတ် ဖြစ်ပေါ်လာခြင်းသည် အပေါင်းအသင်းပေါ်လည်းမူတည်ပါတယ်။ ကိုယ့်အပေါင်းအသင်းက ချမ်းသာချင်စိတ်မရှိတဲ့သူတွေ၊ လက်ရှိအနေအထားမှာပဲ ပျော်တတ်တဲ့သူတွေများနေလျှင် သင်လည်း သူတို့ နည်းတူ ဖြစ်သွားမှာပါ။ အဲ့ဒီလိုမှ မဟုတ်ပဲ ကိုယ့်အပေါင်းအသင်းက ချမ်းသာချင်စိတ်ရှိပြီး ချမ်းသာဖို့ ပဲတွေးနေတဲ့သူတွေဆိုလျှင်တော့ သင်လည်း သူတို့ နည်းတူ ချမ်းသာချင်လာမှာပါ။ 
ကျွန်တော် ကိုဟိန်း ကိုယ်တွေ့ ပါ။ 
၈။ ဘ၀ဆိုတာ ရုန်းကန်စရာဟုသာ လက်ခံထားခြင်း။ 
ဘ၀ဟာ ရုန်းကန်စရာပြည့်နှက်နေပါတယ်။ ချမ်းသာတဲ့သူတွေလည်း ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ ဟာ ရုန်းကန်ရတဲ့ နေရာမှာတင် ရပ်မနေပဲ အဲ့ဒီကနေ လွတ်မြောက်ရှင်သန်အောင်ကြိုးစားနိုင်ခဲ့ပါတယ်။ 
၉။ ပိုက်ဆံဆိုတာ မကောင်းတဲ့ အရာဟု လက်ခံထားခြင်း။ 
ပိုက်ဆံ ရှိလာလျှင် အရက်သောက်မယ်၊ ဖဲရိုက်မယ်၊ မိန်းမရှုပ်မယ် ဒါကြောင့် ပိုက်ဆံ ဆိုတာ ရှိလာလျှင်မကောင်းဘူး ဟု မှတ်ယူထားလျှင်တော့ သင်ချမ်းသာဖို့ ခက်ပါပြီ။
ပိုက်ဆံဟာ သင့်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေကို ၀ယ်ယူနိုင်သလို ပိုက်ဆံထပ်ရှာဖို့ အတွက်လည်း အသုံးဝင်ပါတယ်။ 
၁၀။ ချမ်းသာခြင်းကို ရွ့ံရှာခြင်း။ 
သူဌေးများ အားလုံးသည် လူညာတွေ၊ ခရိုနီတွေ၊ မကောင်းမှုနဲ့ ချမ်းသာလာတဲ့သူတွေ လို့ မှတ်ယူထားလျှင်လည်း သင်ချမ်းသာဖို့ ခက်ပါပြီ။ ချမ်းသာတဲ့လူတွေကို မကောင်းတဲ့ စိတ်နဲ့ သာမြင်လိုက်ခြင်းအားဖြင့် သူတို့ ဘယ်လို ချမ်းသာလာအောင်ကြိုးစားသလဲ ဆိုတာတွေကို မမြင်နိုင်တော့ပါဘူး။ 
အားလုံးကိုကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
www.facebook.com/prospectmyanmar
Ref: 1o reasons wy you are not rich (lifehack)
Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment